This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday 28 November 2015

သင်မသိသေးသောFBရဲ့နည်းလမ်းများ

Facebook Messages မှ “ Seen “ ကို ပိတ်ခြင်း။
သင် စာမပြန်ချင်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့လိုက်တဲ့အခါမှာ အဲဒီ Message ကို သင်ဖတ်လိုက်ပြီးတဲ့နောက်မှာ ပေးပို့သူက သင် ဖတ်ပြီးကြောင်း “ Seen” Read Receipts ကို ရရှိမှာ ဖြစ်ပါတယ်။ သင်ဖတ်ပြီးကြောင်းကို တစ်ဖက်လူက မသိစေချင် Browser Extension များကို အသုံးပြုပြီး Disable လုပ်နိုင်ပါတယ်။ Facebook Unseen Chrome Extension ၊ Firefox နဲ့ Internet Explorer တို့အတွက် Chat Undetected တို့ကို အသုံးပြုနိုင်ပါတယ်။
သူငယ်ချင်းများရဲ့ မွေးနေ့ကို Google Calendar , iCal , Outlook တို့မှာ ထည့်သွင်းခြင်း။ 
သင့် သူငယ်ချင်းများရဲ့ မွေးနေ့ကို သတိမေ့နေတာမျိုး မဖြစ်ရလေအောင် Calendar များမှာ ထည့်သွင်းထားနိုင်ပါတယ်။ ဘယ်ဘက် Sidebar မှ Events Page ထဲသွားပြီး Upcoming Events နဲ့ Birthdays ထဲမှ လင့် တစ်ခုကို ကော်ပီလုပ်ပါ။
Google Calendar ကို ဖွင့်ပြီး Others Calendars ဘေးမှ မျှားကို နှိပ်ပါ။ Add by URL ကို နှိပ်ပြီး URL ကို Paste လုပ်ပါ။
iCal မှာ Calendar> Subscribe ထဲသွားပြီး URL ကို ထည့်ပေးပါ။
Outlook မှာ Tools> Account Settings> Internet Calendars ထဲသွားပါ။
Facebook Messages မှ “ Other “ Inbox ကို ကြည့်ရှုပါ။
သင့်မှာ Facebook Messages များအတွက် Inbox နှစ်ခုရှိပါတယ်။ “ Other” Inbox ထဲမှာတော့ သင့် သူငယ်ချင်းမဟုတ်သူများက ပေးပို့ထားတဲ့ စာများကို တွေ့ရမှာ ဖြစ်ပါတယ်။ သင့်သူငယ်ချင်းမဟုတ်သူများက သင့်ရဲ့ အဓိက Inbox ထံ တိုက်ရိုက် စာပေးပို့ချင်ရင်တော့ Facebook ကို အခကြေးငွေပေးရမှာ ဖြစ်ပါတယ်။ နာမည်ကျော်များအနေနဲ့ သူတို့ရဲ့ Fans များမှ ပေးပို့တဲ့ စာများကို “ Other” မှာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပို့စ်တစ်ခုကို ရှာဖွေပါ။
Facebook Search ဟာ သင့်သူငယ်ချင်းများက သင်နဲ့ မျှဝေထားတဲ့ ပို့စ်များကို ရှာဖွေရာမှာ အလွန်အစွမ်းထက်လာပါပြီ။ သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပို့စ်ကို ရှာချင်ရင် သူ့ရဲ့ နာမည်ကို အရှေ့မှာ ရိုက်ထည့်ပြီး အနောက်မှာတော့ ပို့စ်မှာ ပါတဲ့ Keyword စကားလုံးကို ရိုက်ထည့်ပေးပြီး ရှာဖွေရင် လွယ်ကူပြီး ထိရောက်မှာပါ။
GIF များ တင်ပါ။
Facebook မှာ GIF များတင်လို့ ရပါပြီ။ GIF ရဲ့ လင့်ကို ကော်ပီကူးပြီး Status Box မှာ Paste လုပ်ပါ။ Preview ပေါ်လာရင် လင့်ကို ဖျက်နိုင်ပါတယ်။
သင့်ရဲ့ Friends List ကို ဖွက်ထားပါ။
Friends Tab ထဲသွားပြီး ညာဘက်မှ Edit Privacy ကို နှိပ်ပါ။ Only Me ပြောင်းပေးရင် သင့်ရဲ့ Timeline ထဲဝင်ကြည့်သူများက သင့်ရဲ့ Friends List ကို မမြင်နိုင်တော့ပါဘူး။
သင့်ရဲ့ ပို့စ်ကို မမြင်စေချင်သူများကို သတ်မှတ်ပါ။
သင့်ရဲ့ သူဌေးမမြင်စေချင်တဲ့ ပို့စ်တစ်ခုကို တင်တော့မယ်ဆိုရင် Privacy Settings ကို နှိပ်ပြီး Custom ကို ရွေးပေးပါ။ “ Don’t share this with” မှာ သင့်သူဌေး အမည်ကို ရိုက်ထည့်ပြီး ရွေးပေးပါ။
News Feed မှ Auto-Play Video များကို ကြိုတင်ပိတ်ထားပါ။
Facebook က News Feed မှာ ဗီဒီယိုများ အလိုအလျှောက် ပြသဖို့ ပြုလုပ်နေပါတယ်။ အချို့နိုင်ငံများမှာတော့ Auto-Play Video များကို မြင်တွေ့နေရပါပြီ။ ဒီလို Auto-Play Video များကို ကြိုတင်ကာကွယ်ထားချင်ရင် Facebook App>App Settings> Videos and Photos > Auto-Play ထဲသွားပြီး Smart Auto-Play ကို Disable လုပ်ပါ။ User WiFi Only ကို ရွေးပေးပါ။
အခြားဖုန်းများမှာတော့ Facebook App> App Settings> Videos play automatically မှာ Off လုပ်ပေးပါ။
Game Requests များကို ပိတ်ပါ။
Facebook App ကနေ More> App Settings> Notifications> Mobile Push ထဲသွားပြီး Application Requests မှာ အမှန်ခြစ်ကို ဖြုတ်ပါ။ အခြားဖုန်းများမှာ More> App Settings> Notifications > Application requests မှာ Off လုပ်ပေးပါ။
Relationship Status ကို အခြားသူများ မသိအောင် ပြောင်းပါ။
သင့်ရဲ့ Relatiionship Status ကို အခြားသူများ မသိအောင် ပြောင်းချင်ရင် Timeline ကနေ About Tab ထဲသွားပါ။ Family and relationships မှ Privacy Settings မှာ Only Me ပြောင်းပေးပြီး Relationship Status မှာ နှစ်သက်ရာကို ပြောင်းပါ။ Save Changes ကို နှိပ်ပါ။
ပို့စ်များကို သိမ်းဆည်းပါ။
Facebook မှာ နေ့စဉ် မျှဝေကြတဲ့ သတင်းများ၊ဆောင်းပါးများစွာ ရှိပါတယ်။ ဖတ်ဖို့ အချိန်မရလို့ နောက်မှ ဖတ်ဖို့ သိမ်းဆည်းထားချင်ရင် ပို့စ်ရဲ့ ညာဘက်မှ Drop-Down Arrow ကို နှိပ်ပြီး Save link ကို နှိပ်ပါ။ သိမ်းထားတာတွေကို ဒတ်စတော့မှာ ညာဘက် Sidebar မှ Saved ကဏ္ဍနဲ့ မိုဘိုင်းဖုန်းမှာ More> Saved ကဏ္ဍတို့မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။


အပြုံးနဲ့အိမ်ထဲကိုဝင်ပါ

အပြုံးနဲ့ အိမ်ထဲကိုဝင်ပါ °°°°°°°°°°°°°°°°°°°°° မိခင်မွန် ဟဇရသ်အာအေရှာဟ်(ရသွေ့) သခင်မက မိန့်ကြားတော်မူသည်မှာ- "တမန်တော်မြတ်(ဆွလ္လလ္လားဟူ အလိုင်းဟိ ဝစလ္လာမ်)သည် အိမ်ကိုကြွမြန်းလာသောအခါ အမြဲပြုံးရွှင်စွာဖြင့် ကြွမြန်းလာလေ့ရှိပါသည်။" တကယ်တန်းဆိုရရင် တမန်တော်မြတ်က အွမ္မသ်ထုအတွက် အမြဲတမ်းဖိကိရ်(သောက) ရောက်နေတတ်ပါတယ်။ နောက်ပြီး ကာဖိရ်တွေနဲ့ စစ်ခင်းနေရတဲ့အချိန်လည်း ဖြစ်နေသေးပါတယ်။ ဒီလိုအချိန်မျိုးမှာတောင် ကိုယ်တော်မြတ်ရဲ့ မျက်နှာတော်မှာ အပြုံးပန်းမပွင့်ဘဲ အိမ်တော်သို့ ဝင်လေ့မရှိပါ။ သို့သော်လည်း ဒီစွန္နသ်တော်က ဒီနေ့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ယနေ့ခေတ်မှာ အိမ်ထောင်သည် အမျိုးသားတစ်ချို့တစ်လေက အိမ်ကို ဖိရ်အောင်န်လို မျက်နှာပေါက်မျိုးနဲ့လာပြီး အရှိန်အဝါပြတတ်ကြပါတယ်။ 'ဒါမှ မော်မကြည့်ရဲမှာ၊ ဒါမှ ပါးစပ်မဟရဲမှာ'ဆိုပြီး ဇနီးကို ချိန်းခြောက်ပြီး ဖိရ်အောင်န်လို နမ္မရူးဒ်လို အိမ်ထဲဝင်ကြလေ့ရှိတယ်။ အိမ်ထောင်သည် အမျိုးသားတစ်ချို့ကတော့ ဝလီသူတော်စင်ကြီးများရဲ့ ပုံစံကိုဖမ်း၊ မျက်စိစုံမှိတ်ပြီး မုရာကဗဟ်ပုံစံနဲ့ အိမ်ထဲဝင်ပုံက မြေပြင်ကကိစ္စ သူနဲ့ဘာမှမသက်ဆိုင်သလိုပါပဲ။ အခုပြောတဲ့ပုံစံနှစ်မျိုးက စွန္နသ်တော်နဲ့ ဆန့်ကျင်နေပါတယ်။ ဇနီးဖြစ်သူထံကို အပြုံးနဲ့တကွ လာရောက်တာက စွန္နသ်ပါ။ ဇနီးဖြစ်သူနဲ့ ပျော်ရွှင်ကြည်နူးပြီး စကားပြောတာကလည်း အေဗာဒသ်တစ်ခုပါ။ ဒါ့အပြင် ဇနီးမောင်နှံကြား အချစ်ကိုလည်း တိုးစေပါတယ်။ ယောက်ျားဖြစ်သူက အပြင်မှာရှာဖွေကြရသလို ဇနီးဖြစ်သူကလည်း အိမ်ထောင်မှုကို ထိန်းသိမ်းပေးကြပါတယ်။ အပြင်မှာ ယောက်ျားဖြစ်သူအတွက် အပေါင်းအသင်းများနိုင်ပေမယ့် ဇနီးဖြစ်သူမှာ အိမ်ထောင်ကျတာနဲ့ မိတ်ဆွေတွေနဲ့ အလှမ်းဝေးသွားပါတယ်။ ဒါ့အပြင် သူမရဲ့ယောက်ျားသာလျှင် သူမရဲ့မိတ်ဆွေသူငယ်ချင်း ဖြစ်လာပါတယ်။ သူမရဲ့ပျော်ရွှင်မှုနဲ့ ကျေးဇူးသိတတ်မှုဆိုတာ ယောက်ျားဖြစ်သူနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ အကယ်၍ ယောက်ျားဖြစ်သူက စွန္နသ်တော်နဲ့ သွေဖည်ပြီး အခုနကပြောတဲ့ပုံစံတွေအတိုင်း အိမ်ထဲဝင်လာမယ်ဆိုရင် ဇနီးဖြစ်သူကလည်း 'အို...အလ္လာဟ်၊ ကျွန်မမှာတော့ တစ်နေ့လုံး ပင်ပန်းသမျှကို ယောက်ျားပြန်လာရင် ပျော်ရွှင်ကြည်နူးစရာတွေနဲ့ အပြုံးပန်းဝေပြီး ဖြေဖျောက်လိုက်မယ်လို့ စိတ်ကူးနဲ့ပျော်ခဲ့တာ။ ခုကျတော့ သူက သရဲတစ္ဆေလို ပြန်ခြောက်လန့်နေတယ် (သို့) ကျောက်ရုပ်လို ငြိမ်သက်နေတယ်'လို့ နှုတ်ကမပြောရင်တောင် စိတ်ထဲက ပြောနေမှာသာ ဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွလ္လလ္လားဟူ အလိုင်းဟိ ဝစလ္လာမ်)က "ဇနီးသည်အား အကောင်းဆုံးဆက်ဆံသောသူသာလျှင် စာရိတ္တရေးရာအားဖြင့် အကောင်းဆုံးသူဖြစ်၏"ဟု မိန့်ခြွေထားတာကို အမြဲသတိရပါ။ ဇနီးဖြစ်သူရဲ့ ကောင်းမွန်မှု (သို့) ဆိုးယုတ်မှုက ခင်ပွန်းဖြစ်တဲ့ သင့်အပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကိုလည်း မမေ့ပါနဲ့။